Wednesday, May 29, 2019

Study က အသက်

ဘယ်အလုပ်ကို လုပ်လုပ် ။ Study က အသက်ပဲဗျ။ ဘယ်သူမှ ပြည့်စုံအောင် သိနေတတ်နေတဲ့ သူတွေ မဟုတ်ကြပါဘူး။ အဲဒီတော့ ကိုယ်မသိတဲ့ အချိန်မှာ ၊ ဘယ်နေရာ ကနေ သိအောင်လုပ်ရမယ် ၊ ဘယ်သူ့ ကို ချဉ်းကပ်ပြီး မေးမြန်းစုံစမ်းရမယ်ဆိုတာ သိနေဖလိုပါတယ်။ ဒီနေ့ခေတ် လူငယ်တွေ အတော်ကံကောင်းကြပါတယ်။ ဘာသိချင် သိချင် INTERNET က အလွယ်တကူ ရနေပြီဆိုတော့ ... သုံးတတ်ဖို့တော့လိုတာပေါ့ လေ။

ကျွန်တော် တို့ တုန်းက .. အင်တာနက်စသုံးတတ်လာတော့ .. တစ်နာရီ ကို ၃၀၀ ပေးသုံးရတာ လေ။ အဲ့မှာ Connection ဆိုတာကလည်း ။ ခုလောက် မမြန်ဆန် သေးတော့ သိချင်တာ တစ်ခု သိလို့ ရဖို့ အတွက် ၊ အချိန်တွေ ငွေတွေ တော်တော်ကို ပေးဆပ်ခဲ့ရတာကိုး၊ ကျွန်တော် Study လုပ်တဲ့ ပုံစံ ကတော့ ရှင်းတယ်။ သိချင်တာ အကုန် INTERNET ကနေ ရှာတာပါပဲ ။ စိတ်ရှည်ရှည်နဲ့တော့ ရှာရပါတယ်။ တစ်ခါတစ်လေ ကိုယ်သိချင်တာ ... က တခြား Search Results တွေ လာပြတာက တစ်ခြားလဲ ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်အတွက်ကတော့ အရှုံးမရှိပါဘူး။ နောက်တစ်ခု အဆစ်သိလိုက်ရတယ်လို့ပဲ မှတ်ပါတယ်လေ။


ရှာဖြစ်တာတွေ က ဘာတွေ လဲ ။ အတတ်နိုင်ဆုံး PDF Ebook တွေ မရှာပါဘူး။ တစ်ချိန်တုန်းကတော့ ရှာခဲ့ဖူးတယ်၊ ခက်တာက PDF Ebook တွေ ကို Download ဆွဲပြီး ၊ မဖတ်ဖြစ်တာ က များတယ်။ စကားပြောကျရင်တော့ ၊ အဲ့ Ebook တွေ ငါ့မှာရှိတယ်လို့ပြောလို့ရတာပေါ့လေ၊ PDF Ebook တွေ ကို Download ဆွဲတဲ့ သူအများစုက အဲ့စာအုပ်တွေ ကို တစ်ကြိမ်လောက်ပဲ ဖွင့်ဖတ်ဖူးကျတာ များမယ်ထင်တယ်။

Google ကို သုံးပါ ၊ တော်တော်များများ ပြောကျပါတယ် ။ ကျွန်တော်တို့ အရွယ် လူလတ်ပိုင်းတွေ က လူငယ်တွေ တစ်ခုခု လာမေးတဲ့ အခါ ၊ ကိုယ်လဲ မသိတာ ဖြစ်လာရင် ၊ Google ကနေရှာဖို့ တိုက်တွန်းဖြစ်တယ်။ ကိုယ်တိုင်လဲ သူမေးတာ ကို ရှာကြည့်ဖြစ်တယ်။ ရှာလို့တွေ့လာတယ် ။ သိလာတယ်ဆိုရင် လဲ ၊ ဝါသနာ တူရာ အချင်းချင်း ပြန် Share ကျဖို့ တိုက်တွန်းပါတယ်။ လက်တွေ့လိုက်လုပ်လို့ လွယ်တဲ့ ဟာတွေ ဆို လဲ လက်တွေ့ အနည်းဆုံး တစ်ခါတော့ လုပ်ကြည့်ထားရင် ပိုကောင်းပါတယ်။ ဒါမှ သာ သေချာ မှတ်မိနေမှာ ဖြစ်ပါတယ်။

ကျွန်တော် ခုဆို ၊ photoshop ,office , Video Editing , စတာ တွေ ကို သင်တန်း တစ်ခု မှ မတတ်ဘဲ ၊ ကိုယ်ပိုင် Self Study နှင့် ပဲ ကျွမ်းကျင်လာတာပါ . ကိုယ့် အတွက် အသစ် လို ဖြစ်နေရင် ရှာကြည့်ဖို့ မပျင်းပါနှင့် ၊ ရှာလို့ တွေ့ရင်လဲ အနဲဆုံး တစ်ခါတော့ လုပ်ကြည့်ထားဖို့ မပျင်းပါနှင့် .ဒါဆို တော်ရုံ ကိစ္စတွေ ကတော့ ၊ ရင်ဆိုင်နိုင်ဖို့ အတွက် Ready ပါလို့ ပြောနိုင်တဲ့ သူဖြစ်လာပါလိမ့်မယ်။

ချစ်ခင်လျှက်

‌အောင်မျိုးဟန်

No comments:

Post a Comment

စွမ်းအင် နယ်ပယ်မှာလည်း ကျင်လည်ဖူးခဲ့ပြီ

Myanmar Daewoo Limited ကနေထွက်တော့ IGE အောက်က UNOG Trading မှာ Sales Engineer အနေနှင့် ရောက်ရှိသွားပါတယ်။ စစ ချင်းတော့ ယောင်လည...