Myanmar Daewoo Limited ကနေထွက်တော့ IGE အောက်က UNOG Trading မှာ Sales Engineer အနေနှင့် ရောက်ရှိသွားပါတယ်။ စစ ချင်းတော့ ယောင်လည်လည် ပေါ့ ။ တင်ဒါတွေ လိုက်ရတော့ ဘယ်ကနေ အစကောက်ရမယ် မသိ ။ တင်ဒါမှာ ပါတဲ့ Teahnical တွေ က ဘာတွေမှန်း မသိ ၊ စိတ်ဓာတ်တွေ ကျလိုက်ရတာ ... ရောက်ရောက်ချင်း ပထမ တစ်နှစ်မှာ .. ကိုယ်နောက်က အလုပ်ဝင်တဲ့ သူတွေ ရာထူးတိုးသွားတယ် ။ ကိုယ့်မှာ လစာနဲနဲ တိုးတာတောင် ကံအတော်ကောင်းလို့ ၊ အထက်လူကြီးက ပြောပေးလို့ တိုးတဲ့ အခြေအနေပေါ့ ...

ပထမ တစ်နှစ်မှာ ...လေ့လာခဲ့ တာတွေ ၊ တည်ဆောက်ခဲ့တဲ့ Communication တွေ ကို ဒုတိယ တစ်နှစ်မှာ မှ စသုံးနိုင်ခဲ့တယ်။ နေ့စဉ် ၊ ဌာန ဆိုင်ရာ ရုံးကို မနက် (၉)နာရီ .. ဌာန ဆိုင်ရာ ဝင်ထမ်းတွေ တောင် မရောက်သေးတဲ့အချိန်မှာ သွား၊ ၉း၃၀ ရုံးတက်ချိန်မှာ ၊ ဝန်ထမ်းတွေ နှင့် အတူတူ ရုံးထဲ ဝင်။ ညနေ ၄ နာရီ ဌာနဆိုင်ရာ ဝန်ထမ်း အငယ်တွေ ပြန်သွားတဲ့ အချိန် မှ ပြန် ၊ တစ်ခါတစ်လေ ညွှန်ကြားရေးမှုးတွေ ၊ အားလို့ လေပေးဖြောင့်နေခဲ့ရင် ၊ ၆ နာရီလောက်မှ ပြန်တဲ့ ရက်တွေ လဲရှိခဲ့တယ်၊ညဆို သူတို့ နှင့် technical ဆွေးနွေးခဲ့တာတွေ ၊ INTERNET မှာပြန်ရှာ ။ ပြန်လေ့လာ နောက်နေ့ မသိတာတွေ ထပ်မေး ဒီလိုနှင့် Relationship တွေ တည်ဆောက်နိုင်ခဲ့တယ်။ လူမှုရေးကိစ္စတွေ ရှိခဲ့ရင်လည်း ၊ ကူညီနိုင်တာတွေ ကူညီ ခဲ့ရတာပေါ့လေ။ ဒီ Relationship တွေ တည်ဆောက်ခဲ့ခြင်းကတော့ ။ ကိုယ်ဟာ သိပ်မရင်းနှီးတဲ့ သူတစ်ချို့ရဲ့ အမြင်မှာ ၊ ဌာန ဆိုင်ရာ ဝန်ထမ်း တစ်ယောက် အဖြစ်တောင် မြင်လာတဲ့အထိပါပဲ ။ ဌာန မှ လူကြီးတွေ က လည်း ၊ ကိုယ့်ဆိုရင် ယုံကြည်လာခဲ့တယ်။ နည်းပညာပိုင်းရော ၊ စာရိတ္တ ပိုင်းရော ပေါ့။

ဒီအချိန်မှာတော့ ကိုယ်ကြိုးစားတာတွေ အရာထင်လာပါတယ်။ ဌာန မှာ အသုံးပြုတဲ့ ပစ္စည်းတိုင်းနီးပါးဟာ ကိုယ်မသိတာ သိပ်မရှိတော့ ဘဲ ၊ နားမလည်ရင်တောင် အချိန်မရွေး မေးလို့ ရလာတဲ့ အတွက် ၊ အကောင်းဆုံး နှင့် ဘာလို တယ်ဆိုတာ ကို ကောင်းကောင်းနားလည်လာတော့ ၊ ကိုယ်တင်တဲ့ တင်ဒါတိုင်းဟာ ဌာန လိုအပ်ချက် နှင့် တိုင်းပြီး ချုပ်ထားတဲ့ အင်္ကျီ လိုဖြစ်လာတာပေါ့။ Sales တစ်ယောက် နားလည်ရမှာ က ၊ ကိုယ့် Customer က ဘာလို တာလဲ ၊ ဘာတွေ မလိုဘူးလဲ တိတိကျကျသိဖို့ ကလည်း အရေးကြီးတယ်လေ။ တစ်ချို့ ဝယ်ယူရေးတွေမှာ ဆို ... ကိုယ့်ဘက်က အကောင်းဆုံး Solution ထုတ်ပေးနိုင်တဲ့ အထိ အဆင်ပြေလာခဲ့ပါတယ်။ အဲ့ဒီတော့ တင်ဒါတွေ တင်လိုက်ရင် ကိုယ့် Technical Spec တွေဟာပြည့်စုံနေပြီး၊ အများ မနာလို စရာတောင် ဖြစ်လာတယ်။ ဈေးနှုန်းကတော့ ကိုယ်ရောင်းနိုင်တဲ့ ဈေး ဖြစ်ရမှာပေါ့ ၊ ကိုယ့်ဘက်က Spec ကွက်တိ ၊ အပိုအလို မရှိတဲ့ အတွက် ကိုယ်တင်တဲ့ ဈေးတွေ ဟာ ဖြစ်သင့်တဲ့ ဈေးဖြစ်လာပါတယ်။ဈေးချင်းတူရင်တောင် ကိုယ့် Offer က ပြီးပြည့်စုံတဲ့ အတွက် ဝယ်သူတွေ ငြင်းလို့ မရ တဲ့ အခြေအနေ ကို ရောက်လာခဲ့တယ်။ Quality ပိုင်းမှာ လျှော့ထားပြီး ၊ ဈေးသက်သာအောင် လုပ်ထားတဲ့ ကမ်းလှမ်းမှုတွေ ကိုလဲ တရားဝင် အစည်းအဝေးတွေ မှာ ထောက်ပြရဲတဲ့ သတ္တိလေးတော့လိုတာပေါ့လေ။
အကြီးကျယ်ဆုံးအောင်မြင်မှု အမှတ်တရ ကတော့ ၊Over a million dollars Project များစွာကို အောင်မြင်ခဲ့တာပါပဲ။ ကိုယ့်အတွက်တော့ ခုချိန်မှာ ဂုဏ်ယူစွာ ပြန်ပြောနိုင်တာက လွဲလို့ အကျိုးအမြတ်ပြောပလောက်အောင် မရခဲ့ပါဘူးလေ။
အနှစ် ချုပ်ရရင်တော့ ... Sales Engineer တစ်ယောက်ဟာ ။ technical ပိုင်းတွေလဲ နားလည် ပြီး ။ Persona Relation တွေ ။ လေ့လာမှုတွေ ကလည်း အချိန်တိုင်းလုပ်နေရမယ်၊ လိမ္မာပါးနပ်ရမယ်။ ပြောရဲဆိုရဲ ရမယ်။ ဒီဟာလေးတွေ အကြမ်းဖျဉ်း ရှိနေရမယ်ဆိုတာပါပဲ ။
ချစ်ခြင်းအားဖြင့်
အောင်မျိုးဟန်
No comments:
Post a Comment