Tuesday, May 28, 2019

Sales Engineer ဘဝအစ


ဒီအကြောင်းတွေ မပြောခင်တော့ … ငါဟဲ့ Sales Engineer ဆိုပြီး အရှင်မွေး၊ နေ့ချင်းကြီး ထဖြစ်လာတာမဟုတ်ပါဘူး ။ Sales Engineer ဟဲ့ဆိုပြီး ဖြစ်မလာခင်က … ငါးအအေးခန်း တစ်ခု မှာ Store Keeper တစ်‌ယောက်အဖြစ်ရှင်သန်ခဲ့ ရတဲ့ ကာလတစ်ခု ကို ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီ့ အရင်ကတော့ Toyo Battery ရဲ့ Service ဌာန မှာ လုပ်ခဲ့ပါသေးတယ်။ ငါးအအေးခန်း ရဲ့ Store Keeper ဘဝ က ၂၄/၇ လောက်တာဝန်ကြီးပါတယ်။ Store ထဲမှာ ရှိသမျှ ပစ္စည်း ကိုယ့်တာဝန် ပေ့ါ။ Export Container တင်တဲ့နေ့ဆို .. အင်မတန် မိုးချုပ်တာဆိုတော့ .. (ပုံမှန် လဲ မစောဘူးရယ်) ။ ရပ်ကွက်ထဲ သူငယ်ချင်းတော်တော်များများနဲ့ လဲ အဆက်အသွယ်တွေ ပျက်၊ စက်ရုံ ဆိုတော့ ပိတ်ရက်ဆိုတာ ကလဲ မသေချာ ။ သူများတွေ လို ပိတ်ရက်ကလေး နဲ့ ။ အလုပ်ချိန် မှန်မှန်လေး နဲ့ လစာလဲ ပိုကောင်းတဲ့ အလုပ် ကို လိုချင်လာပါတယ်။ အဲ့ဒီမှာ Myanmar Daewoo Limited မှာ Sales Engineer အလုပ် ကံကောင်းထောက်မစွာ ရသွားပါတော့တယ်။ ဖယ်ရီလဲ ရှိ ၊ Aircon အေးနေအောင်ဖွင့် တဲ့ ရုံးမှာ အလုပ်လုပ်ရတော့ ၊ ပျော်လိုက်တာ ဗျာ၊


Sales Engineer အလုပ် စတင်ပါတော့တယ်။
ဘာလဲဟဲ့ Sales Engineer ?
Sales Engineer တော့ ဖြစ်ပြီ ၊ ဘာတွေ ရောင်းရမှာလဲ ဆိုတော့ ကိုယ် သေချာလက်နဲ့တောင် မကိုင်ဖူးတဲ့ Earth Moving Equipment တွေ စရောင်းရပါတော့တယ်။ အရောင်းသမား တစ်ယောက် မသိမဖြစ်သိရမည့် Commercial ကိစ္စတွေ ကိုတော့ ။ immediate boss က သေချာ စေတနာ ပါပါ နဲ့ ရှင်းပြပါတယ်။ ဒါပေမည့် လည်း လေ ။ ကိုယ်က ခုမှ ဒါတွေ ကြားဖူးတာ ဆိုတော့ လဲ … ယောင်ချာချာ နဲ့ လိုက်နားထောင် ၊ ဘာမေးစရာရှိလဲ မေးတဲ့ အချိန်မှာတောင် ၊ ဘာမေးရမယ်မသိ … သနားဖို့ အတော်ကောင်းတဲ့ ကျွန်တော်ပါဗျာ။
အဲ့ အချိန် က (2005) Internet သုံးဖို့ မပြောနဲ့ ၊ Email တောင် ကောင်းကောင်း မသုံးတတ်သေးတဲ့ ကျွန်တော်ဟာ … လေ့လာစရာ နေရာတော်တော်ရှားပါးပါတယ်။ စာရေးသူ နာမည် မမှတ်မိတော့တဲ့ ကုန်သွယ် ရေး လုပ်ငန်းတွေ အကြောင်းရေးတဲ့ စာအုပ် တစ်အုပ် ဟာ ၊ ကျွန်တော့ အတွက် အတော်ကို အရေးပါခဲ့တယ်၊ နောက်ပိုင်း Generator လေး တစ်လုံးစ နှစ်လုံးစ စရောင်းရ လာတယ်။ နောက်တော့ Earth Moving Equipment တွေ ရောင်းဖို့ ၊ ကြိုးစားခဲ့တယ် ။ ခုချိန်မှ သေချာ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် သိပ်တောင် မရောင်းခဲ့ရဘူးပဲ ။ အဲ့မှာ အရောင်းသိပ်မရှိလို့ လားတော့ မသိဘူး။ ကျွန်တော် ဌာန ပြောင်းပါသွားတယ်။ အရင် Machinery အရောင်းသမားလေး ဟာ ။ အဲ့အချိန်မှာ တော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာ သုံးတဲ့ Deform Bar (Rebar လို့လဲခေါ်တယ်) ။ PPGI , GI တွေ ရောင်းတဲ့ အရောင်းသမားတစ်ယောက် ဖြစ်သွားတော့တာပါပဲ …
ပြန်စဉ်းစားကြည့်တော့ Myanmar Daewoo Limited မှာ လုပ်ခဲ့တဲ့ အချိန် တွေ ဟာ .. ပေါ့ပေါ့ပါးပါးနှင့် ပျော်စရာကောင်းခဲ့တယ် ။ Company အတွက်တော့ …Steel Session မှာ အလုပ် ကို တော်တော်ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ ဒါပေမယ့် Outcome က ထင်ထင်ရှားရှားမရှိခဲ့ ပဲ ၊ Session Head လဲ ဖြစ် ။ အကိုလိုလဲ ဖြစ်တဲ့ အကိုကြီး သင်ပြပေးတဲ့ နောက် ကိုလိုက်ပြီး ပဲ လုပ်ခဲ့တာ များခဲ့တယ်။ Daewoo ကနေ အလုပ်ထွက် ပြီး နောက် Companyကို ပြောင်းတော့ 2009 ခုနှစ် ။ စက်တင်ဘာ လကုန် ပေါ့ ၊ Myanmar Daewoo က ဝန်ထမ်းတွေ ပြောနေကျစကားဟာ သိပ်မှန်တယ် ၊ Daewoo ဟာကျောင်းကြီး တစ်ခု ပဲ တဲ့ … ဟုတ်ပါတယ်.. Daewoo ကနေသင်ပေးလိုက်တဲ့ ပညာတွေ ဟာ ခုချိန်ထိ ကို အသုံးဝင်နေဆဲပဲ … ဆရာကောင်းတွေ နဲ့ လဲ တွေ့ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက် တွေ ကိုလဲ ခုထိ စိတ်ထဲ ကနေ ခင်မင်နေဆဲပဲ …
ချစ်ချင်းအားဖြင့်‌‌ အောင်မျိုးဟန်

No comments:

Post a Comment

စွမ်းအင် နယ်ပယ်မှာလည်း ကျင်လည်ဖူးခဲ့ပြီ

Myanmar Daewoo Limited ကနေထွက်တော့ IGE အောက်က UNOG Trading မှာ Sales Engineer အနေနှင့် ရောက်ရှိသွားပါတယ်။ စစ ချင်းတော့ ယောင်လည...