Wednesday, May 29, 2019

စွမ်းအင် နယ်ပယ်မှာလည်း ကျင်လည်ဖူးခဲ့ပြီ


Myanmar Daewoo Limited ကနေထွက်တော့ IGE အောက်က UNOG Trading မှာ Sales Engineer အနေနှင့် ရောက်ရှိသွားပါတယ်။ စစ ချင်းတော့ ယောင်လည်လည် ပေါ့ ။ တင်ဒါတွေ လိုက်ရတော့ ဘယ်ကနေ အစကောက်ရမယ် မသိ ။ တင်ဒါမှာ ပါတဲ့ Teahnical တွေ က ဘာတွေမှန်း မသိ ၊ စိတ်ဓာတ်တွေ ကျလိုက်ရတာ ... ‌‌ရောက်ရောက်ချင်း ပထမ တစ်နှစ်မှာ .. ကိုယ်နောက်က အလုပ်ဝင်တဲ့ သူတွေ ရာထူးတိုးသွားတယ် ။ ကိုယ့်မှာ လစာနဲနဲ တိုးတာတောင် ကံအတော်ကောင်းလို့ ၊ အထက်လူကြီးက ပြောပေးလို့ တိုးတဲ့ အခြေအနေပေါ့ ‌...
This image has an empty alt attribute; its file name is upset-at-work-760x400.jpg
ပထမ တစ်နှစ်မှာ ...လေ့လာခဲ့ တာတွေ ၊ တည်ဆောက်ခဲ့တဲ့ Communication တွေ ကို ဒုတိယ တစ်နှစ်မှာ မှ စသုံးနိုင်ခဲ့တယ်။ နေ့စဉ် ၊ ဌာန ဆိုင်ရာ ရုံးကို မနက် (၉)နာရီ .. ဌာန ဆိုင်ရာ ဝင်ထမ်းတွေ တောင် မရောက်သေးတဲ့အချိန်မှာ သွား၊ ၉း၃၀ ရုံးတက်ချိန်မှာ ၊ ဝန်ထမ်းတွေ နှင့် အတူတူ ရုံးထဲ ဝင်။ ညနေ ၄ နာရီ ဌာနဆိုင်ရာ ဝန်ထမ်း အငယ်တွေ ပြန်သွားတဲ့ အချိန် မှ ပြန် ၊ တစ်ခါတစ်လေ ညွှန်ကြားရေးမှုးတွေ ၊ အားလို့ လေပေးဖြောင့်နေခဲ့ရင် ၊ ၆ နာရီလောက်မှ ပြန်တဲ့ ရက်တွေ လဲရှိခဲ့တယ်၊ညဆို သူတို့ နှင့် technical ဆွေးနွေးခဲ့တာတွေ ၊ INTERNET မှာပြန်ရှာ ။ ပြန်လေ့လာ နောက်နေ့ မသိတာတွေ ထပ်မေး ဒီလိုနှင့် Relationship တွေ တည်ဆောက်နိုင်ခဲ့တယ်။ လူမှုရေးကိစ္စတွေ ရှိခဲ့ရင်လည်း ၊ ကူညီနိုင်တာတွေ ကူညီ ခဲ့ရတာပေါ့လေ။ ဒီ Relationship တွေ တည်ဆောက်ခဲ့ခြင်းကတော့ ။ ကိုယ်ဟာ သိပ်မရင်းနှီးတဲ့ သူတစ်ချို့ရဲ့ အမြင်မှာ ၊ ဌာန ဆိုင်ရာ ဝန်ထမ်း တစ်ယောက် အဖြစ်တောင် မြင်လာတဲ့အထိပါပဲ ။ ဌာန မှ လူကြီးတွေ က လည်း ၊ ကိုယ့်ဆိုရင် ယုံကြည်လာခဲ့တယ်။ နည်းပညာပိုင်းရော ၊ စာရိတ္တ ပိုင်းရော ပေါ့။
This image has an empty alt attribute; its file name is 83918510-stock-vector-caucasian-oil-worker-in-uniform-and-helmet-confident-oil-worker-standing-with-crossed-arms-smiling-o.jpg
ဒီအချိန်မှာတော့ ကိုယ်ကြိုးစားတာတွေ အရာထင်လာပါတယ်။ ဌာန မှာ အသုံးပြုတဲ့ ပစ္စည်းတိုင်းနီးပါးဟာ ကိုယ်မသိတာ သိပ်မရှိတော့ ဘဲ ၊ နားမလည်ရင်တောင် အချိန်မရွေး မေးလို့ ရလာတဲ့ အတွက် ၊ အကောင်းဆုံး နှင့် ဘာလို တယ်ဆိုတာ ကို ကောင်းကောင်းနားလည်လာတော့ ၊ ကိုယ်တင်တဲ့ တင်ဒါတိုင်းဟာ ဌာန လိုအပ်ချက် နှင့် တိုင်းပြီး ချုပ်ထားတဲ့ အင်္ကျီ လိုဖြစ်လာတာပေါ့။ Sales တစ်ယောက် နားလည်ရမှာ က ၊ ကိုယ့် Customer က ဘာလို တာလဲ ၊ ဘာတွေ မလိုဘူးလဲ တိတိကျကျသိဖို့ ကလည်း အရေးကြီးတယ်လေ။ တစ်ချို့ ဝယ်ယူရေးတွေမှာ ဆို ... ကိုယ့်ဘက်က အကောင်းဆုံး Solution ထုတ်ပေးနိုင်တဲ့ အထိ အဆင်ပြေလာခဲ့ပါတယ်။ အဲ့ဒီတော့ တင်ဒါတွေ တင်လိုက်ရင် ကိုယ့် Technical Spec တွေဟာပြည့်စုံနေပြီး၊ အများ မနာလို စရာတောင် ဖြစ်လာတယ်။ ဈေးနှုန်းကတော့ ကိုယ်ရောင်းနိုင်တဲ့ ဈေး ဖြစ်ရမှာပေါ့ ၊ ကိုယ့်ဘက်က Spec ကွက်တိ ၊ အပိုအလို မရှိတဲ့ အတွက် ကိုယ်တင်တဲ့ ဈေးတွေ ဟာ ဖြစ်သင့်တဲ့ ဈေးဖြစ်လာပါတယ်။‌ဈေးချင်းတူရင်တောင် ကိုယ့် Offer က ပြီးပြည့်စုံတဲ့ အတွက် ဝယ်သူတွေ ငြင်းလို့ မရ တဲ့ အခြေအနေ ကို ရောက်လာခဲ့တယ်။ Quality ပိုင်းမှာ လျှော့ထားပြီး ၊ ဈေးသက်သာအောင် လုပ်ထားတဲ့ ကမ်းလှမ်းမှုတွေ ကိုလဲ တရားဝင် အစည်းအဝေးတွေ မှာ ထောက်ပြရဲတဲ့ သတ္တိလေးတော့လိုတာပေါ့လေ။
အကြီးကျယ်ဆုံးအောင်မြင်မှု အမှတ်တရ ကတော့ ၊Over a million dollars Project များစွာကို အောင်မြင်ခဲ့တာပါပဲ။ ကိုယ့်အတွက်တော့ ခုချိန်မှာ ဂုဏ်ယူစွာ ပြန်ပြောနိုင်တာက လွဲလို့ အကျိုးအမြတ်ပြောပလောက်အောင် မရခဲ့ပါဘူးလေ။
အနှစ် ချုပ်ရရင်တော့ ... Sales Engineer တစ်ယောက်ဟာ ။ technical ပိုင်းတွေလဲ နားလည် ပြီး ။ Persona Relation တွေ ။ လေ့လာမှုတွေ ကလည်း အချိန်တိုင်းလုပ်နေရမယ်၊ လိမ္မာပါးနပ်ရမယ်။ ပြောရဲဆိုရဲ ရမယ်။ ဒီဟာလေးတွေ အကြမ်းဖျဉ်း ရှိနေရမယ်ဆိုတာပါပဲ ။
ချစ်ခြင်းအားဖြင့်‌‌
အောင်မျိုးဟန်

Study က အသက်

ဘယ်အလုပ်ကို လုပ်လုပ် ။ Study က အသက်ပဲဗျ။ ဘယ်သူမှ ပြည့်စုံအောင် သိနေတတ်နေတဲ့ သူတွေ မဟုတ်ကြပါဘူး။ အဲဒီတော့ ကိုယ်မသိတဲ့ အချိန်မှာ ၊ ဘယ်နေရာ ကနေ သိအောင်လုပ်ရမယ် ၊ ဘယ်သူ့ ကို ချဉ်းကပ်ပြီး မေးမြန်းစုံစမ်းရမယ်ဆိုတာ သိနေဖလိုပါတယ်။ ဒီနေ့ခေတ် လူငယ်တွေ အတော်ကံကောင်းကြပါတယ်။ ဘာသိချင် သိချင် INTERNET က အလွယ်တကူ ရနေပြီဆိုတော့ ... သုံးတတ်ဖို့တော့လိုတာပေါ့ လေ။

ကျွန်တော် တို့ တုန်းက .. အင်တာနက်စသုံးတတ်လာတော့ .. တစ်နာရီ ကို ၃၀၀ ပေးသုံးရတာ လေ။ အဲ့မှာ Connection ဆိုတာကလည်း ။ ခုလောက် မမြန်ဆန် သေးတော့ သိချင်တာ တစ်ခု သိလို့ ရဖို့ အတွက် ၊ အချိန်တွေ ငွေတွေ တော်တော်ကို ပေးဆပ်ခဲ့ရတာကိုး၊ ကျွန်တော် Study လုပ်တဲ့ ပုံစံ ကတော့ ရှင်းတယ်။ သိချင်တာ အကုန် INTERNET ကနေ ရှာတာပါပဲ ။ စိတ်ရှည်ရှည်နဲ့တော့ ရှာရပါတယ်။ တစ်ခါတစ်လေ ကိုယ်သိချင်တာ ... က တခြား Search Results တွေ လာပြတာက တစ်ခြားလဲ ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်အတွက်ကတော့ အရှုံးမရှိပါဘူး။ နောက်တစ်ခု အဆစ်သိလိုက်ရတယ်လို့ပဲ မှတ်ပါတယ်လေ။

Tuesday, May 28, 2019

Sales Engineer ဘဝအစ


ဒီအကြောင်းတွေ မပြောခင်တော့ … ငါဟဲ့ Sales Engineer ဆိုပြီး အရှင်မွေး၊ နေ့ချင်းကြီး ထဖြစ်လာတာမဟုတ်ပါဘူး ။ Sales Engineer ဟဲ့ဆိုပြီး ဖြစ်မလာခင်က … ငါးအအေးခန်း တစ်ခု မှာ Store Keeper တစ်‌ယောက်အဖြစ်ရှင်သန်ခဲ့ ရတဲ့ ကာလတစ်ခု ကို ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီ့ အရင်ကတော့ Toyo Battery ရဲ့ Service ဌာန မှာ လုပ်ခဲ့ပါသေးတယ်။ ငါးအအေးခန်း ရဲ့ Store Keeper ဘဝ က ၂၄/၇ လောက်တာဝန်ကြီးပါတယ်။ Store ထဲမှာ ရှိသမျှ ပစ္စည်း ကိုယ့်တာဝန် ပေ့ါ။ Export Container တင်တဲ့နေ့ဆို .. အင်မတန် မိုးချုပ်တာဆိုတော့ .. (ပုံမှန် လဲ မစောဘူးရယ်) ။ ရပ်ကွက်ထဲ သူငယ်ချင်းတော်တော်များများနဲ့ လဲ အဆက်အသွယ်တွေ ပျက်၊ စက်ရုံ ဆိုတော့ ပိတ်ရက်ဆိုတာ ကလဲ မသေချာ ။ သူများတွေ လို ပိတ်ရက်ကလေး နဲ့ ။ အလုပ်ချိန် မှန်မှန်လေး နဲ့ လစာလဲ ပိုကောင်းတဲ့ အလုပ် ကို လိုချင်လာပါတယ်။ အဲ့ဒီမှာ Myanmar Daewoo Limited မှာ Sales Engineer အလုပ် ကံကောင်းထောက်မစွာ ရသွားပါတော့တယ်။ ဖယ်ရီလဲ ရှိ ၊ Aircon အေးနေအောင်ဖွင့် တဲ့ ရုံးမှာ အလုပ်လုပ်ရတော့ ၊ ပျော်လိုက်တာ ဗျာ၊

စွမ်းအင် နယ်ပယ်မှာလည်း ကျင်လည်ဖူးခဲ့ပြီ

Myanmar Daewoo Limited ကနေထွက်တော့ IGE အောက်က UNOG Trading မှာ Sales Engineer အနေနှင့် ရောက်ရှိသွားပါတယ်။ စစ ချင်းတော့ ယောင်လည...